“Jan 2023 တွင် Singapore မှ ပြောင်းလဲသတ်မှတ်တော့မည် IPA (Student Pass) သက်တမ်း”


EDUVISION မှ Singapore တွင် (IPA) တရားဝင်မှုကို 6 လမှ 3 လအထိလျော့ချလိုက်သည့်အကြောင်းနှင့် ပတ်သက်ပြီး Singapore ကျောင်းသားများအတွက် အဓိကထား ပြောပြပေးချင်ပါတယ်။

  • Singapore မှ IPA တရားဝင်ခွင့်ပြုချက်ရထားပြီးသားသော ကျောင်းသားများသည် ကျောင်းသို့ အမြန်ဆုံးသွားရန် လိုအပ်ပါသည်။
  • 1 Jan 2023 တွင် ခွင့်ပြုထားသော IPA တရားဝင်မှုသည် ခွင့်ပြုချက်ရရှိသည့်နေ့မှ 3 လ (သို့)
    သင်တန်းစတက်သည့်ရက်မှ 3 လအထိသာဖြစ်သည်။ (မှတ်ချက်။ 1 Jan 2023 မတိုင်ခင်ထုတ်ပြန်ထားသော IPA အားလုံးသည် 6 လအထိသက်တမ်းဆက်လက်ရှိနေပါမည်။)

အသိပေးလိုသည့်အရာများမှာ –

  • ကျောင်းသားများသည် application တွင် ဖော်ပြထားသည့်အတိုင်း Email ပို့ရမည်ဖြစ်သောကြောင့် လျှောက်လွှာတွင် ထည့်သွင်းခဲ့သော Email Address များ မှန်ကန်ဖို့လိုအပ်ပါသည်။
  • 1 Feb 2022 မှစ၍ အသက် 13 နှစ်နှင့်အထက်ရှိသူများသည် Covid 19 ကာကွယ်ဆေးကိုမဖြစ်မနေထိုးထားရန်လိုအပ်ပါသည် ။ သို့မှသာ (STP) ကိုလွယ်ကူစွာထုတ်ယူနိုင်မှာဖြစ်ပါသည်။
  • STP-IPA ကိုင်ဆောင်သူများသည် STP ထုတ်ပေးခြင်းလုပ်ငန်းဆိုင်ရာများကို ပြီးပြည့်စုံစေရန်အတွက် National Immunization Registry (NIR) တွင်ကာကွယ်ဆေးထိုးထားသောမှတ်တမ်းရှိနေရပါမည်။  သို့မှသာ (STP) ကို လျင်မြန်စွာ ထုတ်ယူနိုင်မှာဖြစ်ပါတယ်။

နိုင်ငံတကာပညာရေးနှင့် ပတ်သက်ပြီး တစ်နေရာတည်းမှာ သိရှိနိုင်ဖို့ EDUVISION မှ Education Specialists များနှင့် အသေးစိတ်တိုင်ပင်ဆွေးနွေးအကြံပေးနိုင်ရန် EDUVISION မှနွေးထွေးစွာ ကြိုဆိုလျက်ရှိပါတယ်။