Info talk: Study in the UK

UK နိုင်ငံသို့ ကျောင်းသွားတက်ချင်တဲ့ ကျောင်းသားကျောင်းသူများအတွက် 2023/2024 Intake များတွင် International Merit Scholarship Up to £ 3,000 ကို ချီးမြှင့်ပေးအပ်သွားမှာဖြစ်ပါတယ်။

UK နိုင်ငံသို့ Scholarship ဖြင့် ပညာတော်သင်သွားလိုသော ကျောင်းသူ ကျောင်းသားများအနေနှင့် တက်ရောက်သင့်တဲ့ Seminar ဖြစ်တာမလို့ Register ပေးသွင်းပြီး တက်ရောက်ဆွေးနွေးဖို့အတွက် ဖိတ်ကြားအပ်ပါတယ်။ 

Date     : 9 Feb 2023 (Thursday)
Time    : 2 PM to 4 PM
Venue  : EDUVISION Office (No 51, Dana Aung Street, Thuwunna, Thingangyun Township 11072, Yangon, Myanmar)

Seminar ကို တက်ရောက်ချင်သူများအနေနဲ့ 09 253 4000 55 ကိုဖုန်းဆက်၍သော်လည်းကောင်း၊ Page Messenger ဖြစ်တဲ့ m.me/eduvisionmyanmar ကနေလည်း နာမည်၊ ဖုန်းနံပါတ်၊ Email တို့ကို့ ပေးပို့ထားပြီး ကြိုတင်စာရင်းပေးသွင်းတက်ရောက်နိုင်ပါပြီ။
လူဦး‌ရေ ကန့်သတ်ထားတာမို့ ကြိုတင် Registration ပြုလုပ်ထားဖို့အပ်ပါတယ်‌။ 

EDUVISION နှင့်ချိတ်ဆက်ထားသော Partner Universities များကတော့

  • Queen’s University Belfast, Belfast
  • Glasgow Caledonian University, Glasgow
  • The University of Manchester, Manchester
  • INTO Manchester in partnership with Manchester Metropolitan University, Manchester
  • INTO Manchester in partnership with The University of Manchester, Manchester
  • University of Exeter, Exeter
  • University of Stirling, Stirling
  • Newcastle University, Newcastle
  • University of East Anglia, Norwich
  • City, University of London, London တို့ပဲဖြစ်ပါတယ်။

Education Ranking အရ အဆင့် ၂ မှာရှိတဲ့ UK နိုင်ငံသည် ပညာရေးအဆင့်အတန်းမြင့်မားတာကြောင့် ကျောင်းသား၊ ကျောင်းသူများအနေနဲ့ ရွေးချယ်သင့်တဲ့ ဒေသတစ်ခုဖြစ်ပါတယ်။

UK နိုင်ငံရှိ တက္ကသိုလ်များတွင် ကျောင်းသားကျောင်းသူများရဲ့ ငွေရေးကြေးရေး နဲ့ ပညာအရည်အချင်း ပေါ်ကြည့်ပြီး ပညာသင်ဆုများ ချီးမြှင့်လျက်ရှိပါတယ်။

နိုင်ငံတကာကျောင်းသူကျောင်းသားများအနေနဲ့ ကျောင်းတက်ရင်း အချိန်ပိုင်း အလုပ်လုပ်ခွင့် လည်းပေးထားပါတယ်။ တက္ကသိုလ်အတွင်း၌သာမက ကျောင်းပရဝဏ် ပြင်ပမှာလည်း ကျောင်းတက်ရင်း Part Time Job အဖြစ် တစ်ပတ်ကို နာရီ ၂၀ အလုပ် လုပ်နိုင်ပြီး ကျောင်းပိတ်ရက် ရှည်လများတွင် Full Time လုပ်နိုင်ပါတယ်။

ကျောင်းသားကျောင်းသူများအနေနဲ့ Undergraduate တက်ရောက်လိုပါက

– တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်ထားသူများ၊
– IGCSE
– GCE A Level
– HND နှင့်
– GED အောင်မြင်ထားသူများ လျှောက်ထားနိုင်ပါတယ်။

Postgraduate တက်ရောက်လိုသူများအနေနဲ့

– အင်ဂျင်နီယာ ဘွဲ့ရများ
– စီးပွားရေးဘာသာရပ်နှင့် ဘွဲ့ရထားသူများ
– နည်းပညာ ဘာသာရပ်နှင့် ဘွဲ့ရထားသူများ
– အဝေးသင်ပညာရေးမှ ဘွဲ့ရထားသူများ အစရှိတဲ့ ဘွဲ့ရကျောင်းသားကျောင်းသူများမှ လျှောက်ထားနိုင်ပါတယ်။

ကျောင်းသားဗီဇာအတွက် စိုးရိမ်နေတဲ့ ကျောင်းသားမိဘများနှင့် ဘယ်နိုင်ငံမှာ ကျောင်းသွားတက်ရမလဲဆိုတာ ဝေခွဲလို့မရတဲ့ ကျောင်းသားများအတွက် EDUVISION မှ ပညာရေးအတိုင်ပင်ခံများမှ အခမဲ့ဆွေးနွေးတိုင်ပင်မှုများကို နယ်မှကျောင်းသူကျောင်းသားများအတွက် Online မှသော်လည်းကောင်း ၊ လူကိုယ်တိုင် ဆွေးနွေးသော်လည်းကောင်း ပြုလုပ်ပေး နေပါပြီ။ ကျောင်းသားတွေများနေလို့ ကြိုတင်ပြီးတော့ ဘိုကင်တင်ပေးဖို့ လိုပါတယ်နော်။

For registration – 09 253 4000 55