“အမေရိကန်နိုင်ငံ Ohio ပြည်နယ်ရှိ University of Dayton မှ ၄ နှစ်စာ ပညာသင်ဆု $120,000 ဖြင့် ကျောင်းသားများ ခေါ်ယူခြင်း”
- IGCSE နှင့် တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူများအနေနဲ့ အမေရိကန်နိုင်ငံရှိ University of Dayton တွင် ပညာသင်ဆုများလျှောက်ထားနိုင်ပါတယ်။ University of Dayton သို့ လျှောက်ထားလိုသော ကျောင်းသူကျောင်းသားများအနေနဲ့ GPA 3.0 အထက်နဲ့ IELTS 6.0 လိုအပ်ပါတယ်။
- University of Dayton သည် ၁၈၅၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး Ohio ပြည်နယ်တွင် National Universities Ranking အားဖြင့် 127 တွင် တည်ရှိပြီး ကျောင်းသူကျောင်းသားပေါင်း ၁ သောင်း ၁ ထောင်ကျော် တက်ရောက်သင်ကြားနေပါတယ်။
- Engineering ဘာသာရပ်ကို အဓိကထားလျှောက်ချင်သူများအတွက် U.S News & World Report အရ Ranking အနေနဲ့ #48 နေရာမှာ ရပ်တည်နေပြီး နိုင်ငံတကာမှ ကျောင်းသားကျောင်းသူပေါင်း 5.2% တက်ရောက်သင်ကြားနေတဲ့ ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။ နိုင်ငံတကာကျောင်းသူကျောင်းသားများအနေနဲ့ ကျောင်းတက်ရင်း အချိန်ပိုင်း အလုပ်လုပ်ခွင့် တရားဝင်ပေးထားပြီး ကျောင်းဝန်းအတွင်းတွင် တစ်ပတ်ကို နာရီ ၁၀ လုပ်ကိုင်ခွင့်ပေးထားပါတယ်။
University of Dayton တွင် Undergraduate အနေနဲ့ တက်ရောက်သင်ကြားနိုင်တဲ့ ဘာသာရပ်များကတော့ –
- College of Arts & Sciences
- School of Business Administration
- School of Education & Health Sciences
- Early Childhood Education
- Health & Sport Sciences တို့ပဲဖြစ်ပါတယ်။
ဘယ်လို ကျောင်းသားကျောင်းသူတွေလျှောက်ထားနိုင်သလဲ?
- တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူများ
- GCE A Level အောင်မြင်ထားသူများ
- GED အောင်မြင်ထားပြီးသူများ လျှောက်ထားနိုင်ပါတယ်။
အမေရိကန်နိုင်ငံရှိ ထိပ်တန်းတက္ကသိုလ်များသို့ ပညာသင်ဆုနှင့်အတူ သွားရောက်ပညာသင်ကြားလိုသော ကျောင်းသူကျောင်းသားများအတွင် EDUVISION မှ ဆွေးနွေးတိုင်ပင်မှုများပြုလုပ်နေပါတယ်။
နယ်မှ ကျောင်းသား ကျောင်းသူများအတွက် အခမဲ့ ဆွေးနွေးတိုင်ပင်မှုများကို Online မှသော်လည်းကောင်း၊ လူကိုယ်တိုင် ဆွေးနွေးသော်လည်းကောင်း ပြုလုပ်ပေးနေပါပြီ။ ကျောင်းသားတွေများနေလို့ ကြိုတင်ပြီးတော့ ဘိုကင်တင်ပေးဖို့လိုပါတယ်နော်။
#EDUVISION
#StudyAbroad
#USA
#Scholarship
#StudentVisa