“အမေရိကန်နိုင်ငံရှိ The University of Utah နှင့် University of Illinois Chicago မှ ၄ နှစ်စာ ပညာသင်ဆုများဖြင့် ကျောင်းသားကျောင်းသူများ ခေါ်ယူနေပါပြီ”

IGCSE နှင့် တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူများအနေနဲ့ အမေရိကန်နိုင်ငံရှိ The University of Utah နှင့် University of Illinois Chicago တွင် ပညာသင်ဆုများလျှောက်ထားနိုင်ပါတယ်။

The University of Utah

Scholarship amount: $40,000/4 years

  • The University of Utah သို့ လျှောက်ထားလိုသော ကျောင်းသူကျောင်းသားများအနေနဲ့ GPA 3.0 နှင့် IELTS 6.5 အထက်လိုအပ်ပါတယ်။
  • The University of Utah သည် ၁၈၅၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး Utah ပြည်နယ်ရှိ Salt Lake City တွင်တည်ရှိပါတယ်။ National Universities Ranking အားဖြင့် #105 တွင် ရပ်တည်နေပြီး ကျောင်းသူကျောင်းသားပေါင်း ၃ သောင်း ၄ ထောင်ကျော် တက်ရောက်သင်ကြားနေပါတယ်။
  • Engineering ဘာသာရပ်ကို အဓိကထားလျှောက်ချင်သူများအတွက် U.S News & World Report အရ Ranking အနေနဲ့ #61 နေရာမှာ ရပ်တည်နေပြီး နိုင်ငံတကာမှ ကျောင်းသားကျောင်းသူပေါင်း 4.5% တက်ရောက်သင်ကြားနေတဲ့ ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။ နိုင်ငံတကာကျောင်းသူကျောင်းသားများအနေနဲ့ ကျောင်းတက်ရင်း အချိန်ပိုင်း အလုပ်လုပ်ခွင့် တရားဝင်ပေးထားပြီး ကျောင်းဝန်းအတွင်းတွင် တစ်ပတ်ကို နာရီ ၂၀ လုပ်ကိုင်ခွင့်ပေးထားပါတယ်။

The University of Utah တွင် Undergraduate အနေနဲ့ တက်‌ရောက်သင်ကြားနိုင်တဲ့ Popular အဖြစ်ဆုံး ဘာသာရပ်များကတော့ –

  • Computer Science
  • Business Administration
  • Engineering
  • Entrepreneurship
  • Games
  • Nursing
  • Pharmacy တို့ပဲဖြစ်ပါတယ်။

University of Illinois Chicago (UIC)

Scholarship amount: $40,000/4 years

  • University of Illinois Chicago သို့ လျှောက်ထားလိုသော ကျောင်းသူကျောင်းသားများအနေနဲ့ GPA 3.0 နှင့် IELTS 6.0 အထက်လိုအပ်ပါတယ်။
  • University of Illinois Chicago သည် ၁၉၈၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး Chicago ပြည်နယ်တွင်တည်ရှိပါတယ်။ National Universities Ranking အားဖြင့် #97 တွင် ရပ်တည်နေပြီး ကျောင်းသူကျောင်းသားပေါင်း ၃ သောင်း ၃ ထောင်ကျော် တက်ရောက်သင်ကြားနေပါတယ်။
  • Computer Science ဘာသာရပ်ကို အဓိကထားလျှောက်ချင်သူများအတွက် U.S News & World Report အရ Ranking အနေနဲ့ #58 နေရာမှာ ရပ်တည်နေပြီး နိုင်ငံတကာမှ ကျောင်းသားကျောင်းသူပေါင်း 7% တက်ရောက်သင်ကြားနေတဲ့ ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။ နိုင်ငံတကာကျောင်းသူကျောင်းသားများအနေနဲ့ ကျောင်းတက်ရင်း အချိန်ပိုင်း အလုပ်လုပ်ခွင့် တရားဝင်ပေးထားပြီး ကျောင်းဝန်းအတွင်းတွင် တစ်ပတ်ကို နာရီ ၂၀ လုပ်ကိုင်ခွင့်ပေးထားပါတယ်။

University of Utah တွင် Undergraduate အနေနဲ့ တက်‌ရောက်သင်ကြားနိုင်တဲ့ Popular အဖြစ်ဆုံး ဘာသာရပ်များကတော့ –

  • Computer Science
  • Applied Health Sciences
  • Architecture, Design and Arts
  • Business Administration
  • Education
  • Engineering
  • Liberal Arts & Sciences တို့ပဲဖြစ်ပါတယ်။

ဘယ်လို ကျောင်းသားကျောင်းသူတွေလျှောက်ထားနိုင်သလဲ?

  • တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူများ
  • IGCSE အောင်မြင်ထားသူများ
  • GCE A Level အောင်မြင်ထားသူများ
  • GED အောင်မြင်ထားပြီးသူများ လျှောက်ထားနိုင်ပါတယ်။

အမေရိကန်နိုင်ငံရှိ ထိပ်တန်းတက္ကသိုလ်များသို့ ပညာသင်ဆုနှင့်အတူ သွားရောက်ပညာသင်ကြားလိုသော ကျောင်းသူကျောင်းသားများအတွင် EDUVISION မှ ဆွေးနွေးတိုင်ပင်မှုများပြုလုပ်နေပါတယ်။

နယ်မှ ကျောင်းသား ကျောင်းသူများအတွက် အခမဲ့ ဆွေးနွေးတိုင်ပင်မှုများကို Online မှသော်လည်းကောင်း၊ လူကိုယ်တိုင် ဆွေးနွေးသော်လည်းကောင်း ပြုလုပ်ပေးနေပါပြီ။ ကျောင်းသားတွေများနေလို့ ကြိုတင်ပြီးတော့ ဘိုကင်တင်ပေးဖို့လိုပါတယ်နော်။

#EDUVISION

#StudyAbroad

#USA

#Scholarship

#StudentVisa